တနင်္သာရီတိုင်းဒေသကြီး၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအပါအဝင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် သုံးစွဲရန်မသင့်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် သုံးစွဲရန်မသင့်ဆေးဝါးများ ရောင်းချနေခြင်းမရှိကြောင်းသိရှိရပြီး သက်တမ်းလွန်ဆေးဝါးနှင့် သုံးစွဲရန်မသင့်ဆေးဝါးများ ဝယ်ယူရောင်းချ ခြင်း မပြုစေရေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)