စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှု အရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေးအတွက် သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းရေးသား ပါဝင်သူဝန်ထမ်းများကို (၂၁.၁၂.၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့သည်။
၂၀၂၃ခုနှစ်နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) မှ ၁၁ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)မှ (၂၀)ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)မှ (၂)ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)မှ (၁၁)ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)မှ ၃ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)မှ (၁)ပုဒ်၊ ဒေါ်မိခင်သူဇာ(အကြီးတန်းစာရေး) မှ (၁)ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း (အငယ်တန်းစာရေး) မှ ၄ပုဒ်၊ ဒေါ်စောပြည့်မာလာ(အငယ်တန်းစာရေး) မှ ၃ပုဒ်နှင့် ဒေါ်ရီရီအောင် (ရုံးအကူမှူး)မှ (၁)ပုဒ် စုစုပေါင်း (၅၇)ပုဒ် ပါဝင်ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိဌာန လုပ်ဆောင်ချက်များအားဝန်ထမ်းတိုင်း သတင်းရေးသားတတ်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုသတင်းရေးသားနည်းဆိုင်ရာဌာနတွင်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သတင်း/ဆောင်းပါးရေးသားမှု အရည်အသွေးတိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
DOCA(ကရင်)