Main menu

မော်လမြိုင်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အသင့်သောက်အချိုရည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၂.၁၂.၂၀၂၃ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အပေါ်လမ်းမကြီးနှင့် အောက်လမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အသင့်သောက် အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည်များတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ မြန်မာစာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှန်ကန်မှုရှိကြောင်း တွေ့ရှိရပြီး မော်လမြိုင်မြို့နယ် တာဝန်ခံက စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)