ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်ပိုင်း (၉:၃၀) နာရီတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းအဖွဲ့တို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာတွင် စက်သုံးဆီ ရောင်းချပေးလျက်ရှိသော ရတနာဆီဆိုင်၊ ဗိုလ်ချုပ်လမ်း ဇလုတ်ကြီးကျေးရွာမှ MAXဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်း အဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်များတွင် စက်သုံးဆီ ရောင်းချပေးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဗိုလ်မှူးထွန်းဇော်မင်းမှ မိမိတို့ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီ စောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ လုပ်ငန်းရှင်များနှင့် လယ်သမားများ လာရောက် ဝယ်ယူရာတွင် အပြည့်အဝရောင်းချဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိတို့အား မေးမြန်းခဲ့ရာ ၎င်းဆိုင်မှ တာဝန်ရှိမန်နေဂျာတို့သည် မိမိတို့၏ဆီဆိုင်တွင် သတ်မှတ်ထားသည့်ခွဲတမ်းများ အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးစားကို မဆိုဖြန့်ဖြူး ရောင်းချပေး လျက်ရှိကြောင်း ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်သမားများအနေဖြင့် ယခုအချိန်သည်မိုးစပါးအချိန် မီရိတ်သိမ်းနိုင်ရေး၊ သီးထပ် သီးညှပ် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်ရေးသည် အရေးကြီးသည့်အချိန် ကာလဖြစ်နေသည့်အတွက် ရိတ်သိမ်းခြွေလှေ့ စက်ဆီရိုးရိုး၊ ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်ဆီတို့အား အပြည့်အဝဖြန့်ဖြူးရောင်းချနိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီသို လှောင်ကန်များတွင် ဆီရှိလျက် ဖြန့်ဖြူးရောင်းချခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဖွဲ့စည်းမိန့်နှင့်အတူ ပြန်လည်တင်ပြရန် မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)