Main menu

“ ကွမ်းခြံကုန်းမြို့နယ်၌ စက်သုံးဆီနှင့် စားအုန်းဆီဆိုင်များ ဆီရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များတွင် ဆီရောင်းချနေမှု အခြေအနေများအား ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ဗိုလ်ချုပ်လမ်းမကြီး၊ ဘေးဝဲယာတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးနေသော စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဝင် (၁)၊ မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် စားသုံးသူရေး ဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာတွင် ရောင်းချလျက်ရှိသော UP ဆီဆိုင်၊ Winner ဆီဆိုင်နှင့် Apex စက်သုံးဆီအရောင်းဆိုင်တို့တွင် ယာဉ်များ တန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်း ရှိ/မရှိ၊ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရန် စက်သုံးဆီလုံလောက်မှု ရှိ/မရှိ အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ ၎င်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ‌သော စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များမှ လုပ်ငန်းရှင်များ အားဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင် ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၄၈၁၅) ကျပ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်ပတ် ရန်ကုန်အထိုင်ဈေး (၄၉၂၀) ကျပ် ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၅) ကျပ်ခန့် ကျဆင်းသွားခဲ့သည့်အတွက် သယ်ယူစရိတ်ပါရာခိုင်နှုန်းအမြတ်ယူကာ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချ ပေးသွားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)