စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူများ၏ ဘေး အန္တရာယ်ကင်းရှင်းနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိပါက ရယူတောင်းဆိုနိုင်စေရန်အတွက် ပခုက္ကူခရိုင်တွင် အသိပညာပေး(၈)ကြိမ်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့မှ (၁)ကြိမ် စုစုပေါင်း (၉)ကြိမ် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၊ (၃)၊ (၅)၊ (၇)၊ (၈) အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း၊ ကုန် အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသော လုပ်ငန်းရှင်များအား စိစစ်ခွင့်ပြုချက်များပေး အပ်၍ အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ အောက်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ချင်တောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဆောင်ရွက်ခြင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်တာဝန်ခံမှ ဂန့်ဂေါမြို့မ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန် အတွက် CICC တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှလည်း (၂၄)နာရီတိုင်ကြားမှုများကို အချိန်နှင့်တစ်ပြေးညီ လက်ခံဆောင်ရွက်ပေးခြင်းများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံး သူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center 1535 အား ဖွင့်လှစ် ထားရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)