Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၁.၁၂.၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၁၁/ ၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။

          Thursday Talk ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်မှ ဒေါ်မေပြည့်စုံကျော် ၊ အငယ်တန်းစာရေးသည် ဌာနခွဲ၏ နေ့စဉ် ၊ လစဉ် ဆောင်ရွက် ချက်များ ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ချက်များနှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပြုလုပ် ခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သည့် Talk Show များ ၊ စားသုံးသူ အသိပညာပေး ဟောပြောပွဲများ၊ လုပ်ငန်းရှင်အသိပညာပေး ဟောပြောပွဲများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)