မကွေးတိုင်းဒေသကြီးအတွင်း ထုတ်လုပ်သည့် ပဲဆီ/ နှမ်းဆီများအား စားအုန်းဆီများနှင့် ရောနှော၍ ရောဆီအဖြစ် ခွက်မှောက်ခွက်လှန်စနစ်ဖြင့် ရောင်းချခဲ့ရာ ယခုအခါတွင် စားသုံးသူများ အပေါ် လိမ်လည်လှည့်ဖျားခြင်းမရှိစေရန် ပဲဆီ/ နှမ်းဆီ/ စားအုန်းဆီဟုသာ ရောင်းချစေပြီး စားသုံး သူများ၏မျက်ကွယ်တွင် ရောဆီအဖြစ် ရောစပ်၍ရောင်းချနေမှုမရှိစေရန်၊ စားသုံးသူတောင်းဆို သည့်အတိုင်း ပဲဆီ/ နှမ်းဆီနှင့် စားအုန်းဆီတို့ကို စားသုံးသူ၏ ရှေ့မှောက်တွင် ရောစပ်ရောင်းချရန်၊ ခွက်မှောက် ခွက်လှန်စနစ်ဖြင့် ရောင်းချရာတွင် ဆီထည့်သည့် ပုံးများအား စတီးလ်ပုံးများဖြင့် အဖုံးများဖုံးအုပ်၍ ရောင်းချသွားရန်၊ စားအုန်းဆီများရောင်းချရာတွင်လည်း ကုန်ဈေးနှုန်းကြီး မြင့်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်း ပြတ်လပ်မှုမရှိစေရေးတို့အား အသိပေး ဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းမျာအား လစဉ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့ ကန်သာဈေးတွင် (၁)ကြိမ်၊ ချောက်မြို့ စည်ပင်သာယာ ဈေးတွင်(၁)ကြိမ်၊ တောင်တွင်းကြီးမြို့ မောင်းတိုင်(၁/ ၂) ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် (၁)ကြိမ်၊ မင်းဘူးမြို့၊ စည်ပင်သာယာဈေး တွင် (၁)ကြိမ်၊ ပွင့်ဖြူမြို့၊ စည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ စလင်း (ဆင်ဖြူကျွန်း) စည်ပင်သာယာ ဈေးတွင် (၁)ကြိမ်၊ အောင်လံမြို့ မြို့မ စည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ ကံမမြို့ အမှတ်-၄ရပ်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် (၁)ကြိမ်၊ ဆင်ပေါင်ဝဲမြို့၊ မြို့မ စည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ သရက်မြို့ဈေးရပ်ရှိ စားသုံးဆီနှင့် ကုန်မျိုးစုံအရောင်းဆိုင်များ တွင် (၁)ကြိမ်၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပခုက္ကူမြို့ အမှတ်-၁၁ ရပ်နှင့် မြို့မဈေးတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးတွင် (၁)ကြိမ်၊ စုစုပေါင်း (၁၂)ကြိမ် ဆောင် ရွက်နိုင်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက် များ၌ ရောင်းချလျှက်ရှိသော ဘူးသွပ်ဆီများဖြစ်ကြသည့် (Meizan, Lotus, Goody, Duck, Good Choice, Cook, ရွှေအုံ, ပွင့်ဖြူ, ငွေဇင်ယော်, ရွှေလမင်း, အမေထွား) စသည့်အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိပြီး FDA ထောက်ခံချက်များပါရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)