Main menu

သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်ဦးဆောင်သောဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီ အချိန်တွင် သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့်မုန့်မျိုးစုံဆိုင်များအား မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန စသည့်မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

       တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးရုံးမှ အစားအသောက်နမူနာ (၁၅)မျိုးကောက်ယူ၍ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ  အဆိုပါအစားအသောက်နမူနာ(၁၅)မျိုးအနက် Plastic Cup ဖြင့်ထုပ်ပိုးထားသည့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံတွင် Sodium Cylamate သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေကြောင်း တွေ့ရှိရပါသဖြင့် စားသုံးသူများ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့် ၎င်းသစ်သီးယိုစုံအား ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဈေးဆိုင်ပိုင်ရှင် များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသောကုန်စည်များသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားပြီး မြန်မာ နိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)