Main menu

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်း  အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန မှ ကြီးမှုးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် သင်တန်းများမှ ထူးချွန်သင်တန်းသူများအား လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အသေးစား၊ အငယ်စားနှင့်အလတ်စားစီပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးခင်မောင်ဦး၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဦးကျော်ဇင်ထွန်း၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဦးစိန်လွင်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဦးဇေယျာဆွေ၊ သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းမန်နေဂျာ ဒေါ်ပပကျော်နှင့် နတ်တလင်းမြို့မှ အသေးစားစီးပွားရေးလုပ်ငန်းရှင် ယောကျ်ားကြီးငါးငပိ လုပ်ငန်းမှ ဦးကျော်လင်းတို့ တက်ရောက် ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း သားများ၊ MSMES လုပ်ငန်းရှင်များစုစုပေါင်း (၁၇၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)