Main menu

တောင်ငူခရိုင်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         စားသုံးသူ‌ရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့်  တောင်ငူခရိုင်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာများကို ရှင်းလင်းပြောကြားပါသည်။

        အခမ်းအနားတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးငြိမ်းမင်းအောင်က မုန့်ဖတ်ခြောက် လုပ်ငန်းများ ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ရေးနှင့် Online စနစ်ဖြင့် FDA ထောက်ခံချက် လျှောက်ထားခြင်း အကြောင်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။

        ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက် များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြရန်ကိုလည်းကောင်း၊ ထုတ်ကုန် များ ဈေးကွက် ရှာဖွေဖော်ထုတ်ရာတွင် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

       ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင် တို့က သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် လုပ်ငန်းလိုင်စင်များလျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

       ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ သို့ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ၁၃ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)