Main menu

“တွံတေးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင်ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် ဆေးမျိုးစုံအရောင်းဆိုင်များသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၃:၃၀)နာရီတွင် လုပ်ငန်းရှင် များနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ရွှေဆံ တော်ရပ်ကွက်၊ မင်းပိုင်းရပ်ကွက်များရှိ ဆေးဆိုင်များသို့သွားရောက်၍ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားသုံးဆီအမျိုးမျိုးနှင့် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့အား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အစားအသောက် နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်မရှိသော လူကြီးအာဟာရဖြည့်စွက်စာများ သက်တမ်းကုန်ဆုံးနေသော အစားအသောက် များရောင်းချခြင်းမပြုစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ မိမိတို့မြို့နယ်ရှိ ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (YGN)