ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆောင်းဆီထွက်သီးနှံ၊ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်းအခမ်းအနားအား ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်း (၈:၃၀)နာရီတွင် မကျီးကန်ရပ်ကွက်ပိုင် ကွင်းအမှတ်(၃၉၃)လာပကိန်းကွင်း ဦးပိုင်အမှတ်(၁၀/၃) တောင်သူ ဦးဝင်းကြည်၏ လယ်ယာမြေ (၃)ဧကတွင် ကျင်းပခဲ့ကြောင်းသိရပါသည်။
နေကြာမျိုးစေ့ချအခမ်းအနားသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ် စီမံကိန်း ဦးစီးဌာနမှ ဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှဦးစီးမှူး၊ တိရစ္ဆာန်ကုသရေးနှင့်မွေးမြူရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ် လယ်ယာစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှမြို့နယ်တာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများတက်ရောက် ခဲ့ကြောင်းသိရပါသည်။
ထိုသို့ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်းအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးသက်နိုင်ကနေ နေကြာသီးနှံအထွက်တိုးရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအနေဖြင့် အပင်ပေါက်စုံချိန်၊ အပင်ပိုင်းကြီးထွားချိန်တို့တွင် တစ်ကျင်းတစ်ပင်ချန်စနစ်ဖြင့် သားခွဲရန်၊ ဖူးကင်း ဝင်ချိန်၊ ပန်းဖွင့်ချိန်နှင့် မျိုးပွားအင်္ဂါများဖွံ့ဖြိုးချိန်တို့တွင် အစိုဓာတ်အလိုအပ်ဆုံးအချိန်၊ ပထမ အကြိမ် ရေသွင်းပြီး ယူရီးယားဓာတ်မြေဩဇာကျွေးရန်၊ စိုက်ပြီးရက်(၄၀)အတွင်း ပေါင်းနှိမ်နင်းရန် နှင့် အပင်မလံရန် ဘောင်တင်ပေးရမည်ဖြစ်ပြီး ပန်းပွင့်ပြီးဆုံးချိန်၊ ပန်းပွင့်စငိုက်ချိန်နှင့် ရင့်မှည့် ချိန်တို့တွင် ဒုတိယအကြိမ်ရေသွင်းရန်စသည့် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အချက်များ စိုက်ချိန်တွင်ရောဂါပို့မွှားကျရောက်ဖျက်ဆီးမှုမှ ကာကွယ်ရန်နည်းလမ်းများ ပန်းမပွင့်မီ ရောဂါပိုးမွှားများကို စနစ်တကျကာကွယ်မှသာ ပန်းပွင့်ချိန်တွင်ပို့သတ်ဆေးဖြန်းပါက ဝတ်မှုကူးမှု အား ထိခိုက်နိုင်ကြောင်း အလေအလွင့်နည်းစေရန် စနစ်တကျရိတ်သိမ်းခြွေလှေ့ရမည့် အကြောင်း အရာများအား ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ပြီး ၎င်းအခမ်းအနားသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက နေကြာသီးနှံမျိုးစေ့ချနေမှုအခြေအနေအား ကြည့်ရှု အားပေးခဲ့ကြောင်းသိရပါသည်။
DOCA (YGN)