Main menu

“ တွံတေးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖာ်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အပြင်ရပ်ကွက်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် အအေးမျိုးစုံ အရောင်းဆိုင်များသို့ ဒီဇင်ဘာလ (၂၅)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီတွင် လုပ်ငန်းရှင်များနှင့်သွား ရောက်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန် ပစ္စည်းများနှင့်အချိုရည်များ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကို ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

            ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးပြင်ပရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်ကြီးများ၊ ဆေးဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စားသုံးသူပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော စားသောက်ကုန်ပစ္စည်းများ၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေး ဦးစီးဌာန (FDA) ခွင့်ပြုချက်မပါရှိသော အသင့်သောက်အချိုရည်များ၊ သက်တမ်းကုန်ဆုံးနေသော အစားအသောက် များရောင်းချခြင်း မပြုစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ကို လစဉ် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ မပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ၊ မိမိတို့မြို့နယ် နှင့် ဈေးဆိုင် များတွင် ဖြန့်ဖြူးရောင်းချနေခြင်းများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (YGN)