မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုန့်ထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ စားသုံးသူအသိပညာပေးဆွေးနွေးပွဲအား တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေး ရမည့်အချက်များအား ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် သင်တန်းသားများအနေဖြင့် ဆွေးနွေးဟောပြောမှုများအပေါ် သိလိုသည်များ ပြန်လည်မေးမြန်းခြင်းများပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ကြီးကြပ်သူတာဝန်ခံအရာရှိဒေါ်အေးမဉ္ဇူခိုင်ကရှင်းလင်းဖြေကြား ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲအား (၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)