Main menu

ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် တာဝန်ခံသည် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားဝတ်နေရေးအထောက်အကူပြုဖြစ်စေရန်အတွက် ရောင်းချပေးနေသော စားအုန်းဆီများအား ဈေးနှုန်းမှန်ကန်မှုနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ဆီကုန်သည်များအသင်းမှ (၄.၁၂.၂၀၂၃)ရက်နေ့မှ စတင်၍ ခရိုင်အလိုက်ဆီပေပါခွဲတမ်းများအား ခွဲဝေချထားပေးခဲ့ပါသည်။ မင်းဘူးမြို့နယ်အနေဖြင့် ခွဲဝေရရှိသောစားအုန်းဆီများအား မြို့နယ်တွင်းရှိ စားအုန်းဆီလက်ကား အရောင်းဆိုင် (၁၂)ဆိုင်အား ခွဲဝေချထားခဲ့ပါသည်။ (၄.၁၂.၂၀၂၃)ရက်နေ့မှ စတင်၍ ပထမအကြိမ်စားအုန်းဆီပေပါ (၅၆)လုံး၊ ဒုတိယအကြိမ်(၆၄)လုံး၊ တတိယအကြိမ်(၆၄)လုံးတို့အား ခွဲဝေရောင်းချစေခဲ့ပါသည်။ ထိုသို့ ခွဲဝေရောင်းချနေမှုအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့တို့မှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ အလေးချိန် အချင်အတွယ်မှန်ကန်မှု ရှိ/မရှိနှင့် ရရှိသည့်ခွဲတမ်းများအား အခြေခံလူတန်းစားများသို့ ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)