မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျှက်ရှိရာ (၁၈.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့ပူးပေါင်းပြီး မကွေးမြို့၊ ကန်သာစျေးရှိ ကုန်မျိုးစုံအရောင်းဆိုင် (၄)ဆိုင်၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိနှင့် စားသုံးရန်မသင့် တားမြစ်ထားသော တော်ဝင်အမှတ်တံဆိပ် သစ်သီးယိုစုံများ စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ တို့အား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)