Main menu

စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၆.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရွှေဘိုမြို အမှတ်(၁၀)ရပ်ကွက်ရှိ စက်သုံးဆီရောင်းချသည့်ဆိုင်(၃)ဆိုင်သို့ သွားရောက်ကာ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေသခံပြည်သူများ လတ်တလောကြုံတွေ့နေရသည့် စက်သုံးဆီ ဝယ်ယူရေးဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ ရွှေဘိုမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်ဆေးရာတွင် ရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စက်သုံးဆီများဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း၊   စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချကြရန်၊  အချိန်အတွယ်နှင့်အလေးချိန် မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)