Main menu

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းခွဲ) ပြန်လည် ဖွဲ့စည်းခြင်း အခမ်းအနားပြုလုပ်

Powered by Drupal

  (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းခွဲ)၏ အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားမှူး)က အဖွင့်အမှာစကားပြောကြားပြီး၊ ၂၀၂၀-၂၀၂၃ ခုနှစ် သက်တမ်း အသင်းဥက္ကဌ ဦးဝင်းမောင်မှ အသင်းပြန်လည်ဖွဲ့စည်းရခြင်၏ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံနည်း စနစ်များ၊ ရွေးချယ်ပုံများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထို့နောက် (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း (ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းခွဲ)၏  အလုပ်အမှုဆောင်သစ်များကို နာယက အပါအဝင် အလုပ်အမှုအဆောင် (၁၈ ) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)