Main menu

တန်(၉၀)ကျအဆင့်မြင့် ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

   (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက်ဖွင့်ပွဲအခမ်းအနားကို ၁.၁.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကမ်းနားပိုင်းရှိ အဆိုပါစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက်တို့၏ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းသားများသို့ မတည်ထောက်ပံ့ငွေထုတ်ချေးပေးထားမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် ဥက္ကဌက တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက် တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)