Main menu

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

  ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၃.၁.၂၀၂၄ ရက်နေ့ ၁၄း၀၀ နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညီနောင်အသင်းဝင်များ၊ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ “ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ” ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုပြုရာတွင် လိုအပ်သောစာရွက်စာတမ်းများကို လုပ်ထုံး လုပ်နည်းအတိုင်းဆောင်ရွက်ကြရန်နှင့် ကုန်သွယ်မှုပြုရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြရန် ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌက ဝဥအခြောက်များ ကုန်သွယ်မှုအခြေအနေကိုလည်းကောင်း၊ ပဲ၊ နှမ်းကုန်သည်အသင်း ဥက္ကဌက ပဲ၊ နှမ်း သယ်ဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်းကောင်း၊ ကွမ်းသီးအသင်း ဥက္ကဌက ကွမ်းသီးတင်ပို့ရန် ကြိုးစားနေမှုအခြေအနေများကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌက MyRO တွင် မှတ်ပုံတင်လျှောက်ထားမည့်ကိစ္စရပ်ကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၅း၃၀) နာရီချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)