Main menu

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ဆန်များအား  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

   တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၇၀ဝိ/)နှုန်းဖြင့် ဆီ (၃၂၀)ဘူး၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည် (၃၅၀) တို့ကို  ရောင်းချခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများမှ လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)