Main menu

မုဒုံမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ၅.၁.၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

  အဆိုပါ Talk Show တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) တွင် ဖော်ပြထားသောအကြောင်းအရာများ၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ၊ အထောက်အထားများ၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်အခါ သိရှိရမည့် မှတ်ပုံတင်စနစ် အမည်၊ အသုံးပြုရမည့် website  အမည်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)