Main menu

စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စအား ဆွေးနွေးခြင်း

Powered by Drupal

     စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးသော စားအုန်းဆီများအား ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ရခိုင်ပြည်နယ်သို့ MV- MOON Light သင်္ဘောဖြင့် သယ်ဆောင်လာသည့် စားအုန်းဆီ ( ၂၅၀၀ ပီပါ ) အား စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု အသင်းဥက္ကဌ၊ ဆီကိုယ်စားလှယ်(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ရောက်ရှိလာသော စားအုန်းဆီများအား အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ သင့်တင့်သောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား စနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)