စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၊ ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညနေ (၁၆း၀၀) နာရီချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ထွေအုပ် အစည်းဝေးခန်းမ၌ မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေး၊ အရည်အသွေးနှင့် ကိုက်ညီစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စနစ်တကျ ရောင်းဝယ်စေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၊ ဦးဇော်မင်းမှ စက်သုံးဆီဆိုင်ရဲ့အကျပ်အတည်းများကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေသည်ကိုလည်း အားလုံးအသိပဲဖြစ် ကြောင်း၊ SME လုပ်ငန်းတွေလည်း အခက်အခဲ ဖြစ်နေကြာင်း၊ SME သမားတွေ အခက်အခဲ ဖြစ်ခြင်းအားဖြင့် ပြည်သူတွေပဲ ထိခိုက်နစ်နာရပါကြောင်း၊ စက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်တွေအနေ နဲ့များစွာအရေးပါကြောင်း၊ လူကြီးမင်းတို့ ရောင်းချနေသော စက်သုံးဆီသည် ထိလွယ်ရှလွယ် ကုန်ပစ္စည်း ဖြစ်၍ အထူးဂရုစိုက်၍ မှန်မှန်ကန်ကန်ရောင်းချစေလိုကြောင်း၊ စက်သုံးဆီဆိုင်တွေအနေနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုဖို့လိုအပ်ကြောင်း၊ ရည်ညွှန်းဈေးဖြင့်သတ်မှတ်အရည်အသွေး၊ သတ်မှတ်အရေအတွက် ပြည့်မှီမှန်ကန်အောင် ရောင်းချဖို့လိုကြောင်း၊ တရားမဝင်ဆိုင်များမှာ တရားဝင်ဆိုင်တွေထက် အရေအတွက်များပြားနေသည်ကို တွေ့ရှိရ ပါကြောင်း၊ တရားဝင်ဆိုင်များမှာ စက်သုံးဆီ ပြတ်လပ်သော်လည်း တရားမဝင်ဆိုင်တွေမှာ အချိန်မရွေးဆီရရှိနေပြီး၊ တစ်လီတာ (၄၀၀၀ မှ ၅၀၀၀) ကြားရောင်းချနေသည်ဟု သိရှိရပါကြောင်း၊ တရားမဝင်ဆိုင်တွေမှာ စက်သုံးဆီ ရရှိနေခြင်းသည် တရားဝင်ဆိုင်တွေမှတဆင့် နည်းလမ်း အမျိုးမျိုးဖြင့် ရောက်ရှိသွားသည်ဟု သုံးသပ်ရပါကြောင်း၊ တန်းစီစနစ်ဖြင့် ရောင်းချနေမှုအပေါ် ပြည်သူတွေအနေနဲ့ ဈေးနှုန်းကွာဟမှုကြောင့် အကြိမ်ကြိမ်တန်းစီကာ စက်သုံးဆီစုဆောင်း၍ တရားမဝင်ဆိုင်တွေကို ပြန်လည်ရောင်းချခြင်း၊ အချို့သော တရားဝင်ဆိုင်တွေအနေနဲ့ ပြည်သူကို အားလုံးကုန်စင်အောင်ရောင်းချခြင်းမပြုပဲ အချို့ကို ဈေးနှုန်းမြှင့်၍ တရားမဝင်နေရာ တွေကို ပြန်လည်ရောင်းချခြင်းစသဖြင့် နည်းလမ်းမျိုးစုံဖြင့် တရားမဝင်ဆိုင်များမှ ဆီစုဆောင်းနေသည်ဟုသိရှိရပါကြောင်း၊ လူကြီးမင်းတို့အနေဖြင့် အဆိုပါ တရားမဝင်ဆိုင်တွေကို စက်သုံးဆီ လုံးဝ (လုံးဝ) မရောင်းချဖို့ အသိပေးလိုကြောင်း၊ သတိပေးလိုကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး တရားမဝင်ဆိုင်တွေကို ဖျက်သိမ်းသွားမှာဖြစ်ပြီး အဆိုပါ ဆိုင်များမှ စက်သုံးဆီများတွေ့ရှိရပါက မည်သည့်နေရာမှ ဝယ်ယူရောင်းသည့်အရင်းအမြစ်အထိပါ လိုက်လံဖော် ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ တရားမဝင်ဆိုင်များကို လုံးဝမရောင်းချစေရန်နှင့် မိမိတို့ဆိုင်အလိုက်ရရှိသည့် PO ဆီခွဲတမ်းများကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် ရောင်းချစေလိုကြေားင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)