စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၉.၁.၂၀၂၄ ရက်နေ့ ၊(၁၀:၃၀)နာရီအချိန်မှစ၍ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်များ သို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒုဦးစီးမှူး ဒေါ်နီလာဦးပါ (၄)ဦး၊ လှိုင်သာယာမြို့နယ်၊ ပိတောက်မြိုင်ဈေးမှ ဈေးတာဝန်ခံပါ (၃)ဦးတို့သည် ဈေးကွက်အတွင်းရောင်းချနေသော ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း များဖြစ်သော Baby Mild အမှတ်တံဆိပ် ပေါင်ဒါ၊ လိုးရှင်း၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဝိုင်အိုလက်ပေါင်ဒါ၊ Lovely Baby diaper ၊ Johnson’s၊ Kodomoနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆက်လက်၍ နေ့လယ် (၀၁:၅၀)အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးသို့လည်းကောင်း၊ နေ့လယ် (၀၃:၅၀) အချိန်တွင် လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များတွင်ရှိသော မြို့မဈေးသို့ အလားတူ ကုန်ပစ္စည်းများကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
DOCA(ရန်ကုန်)