ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်၊ သီးညှပ်စိုက်ပျိုးနေမှုအခြေအနေအား ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လယ်(၃:၃၀)နာရီအချိန်တွင် ကော့မှူးမြို့ ဝါးဘကောက်သောက်ကျေးရွာ၊ ကားလမ်းမကြီး၏ ဘေးဝဲယာတွင်စိုက်ပျိုးလျက်ရှိသော တောင်သူ များစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်းသီးနှံ သီးထပ်သီးညှပ်စိုက်ပျိုးနေမှုအခြေအနေကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဗိုလ်မှူးဇော်ထွန်းမင်း၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့က ဆောင်းသီးနှံများဖြစ်သော နွေစပါး ၁၅၆၈ဧက၊ ပဲမျိုးစုံ ၂၈၁၂၄ဧက၊ နေကြာ ၅၀၉ဧက၊ နှံစားပြောင်း ၃၀၀၀ဧက၊ ငရုတ် ၁၂၂ဧက၊ ပိုက်ဆံလျှော် ၂၅ဧက၊ ဟင်းသီးဟင်းရွက် ၃၂၀၀၀ဧကနှင့် စုစုပေါင်းလျာထား ၇၉၄၆၇ဧကတို့အား မြန်မာ့စိုက်ပျိုးကြီးကြပ်မှု ကော်မတီအနေဖြင့် တစ်မြို့နယ်လုံးအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် ကော့မှူးမြို့ ဝါးဘကောက်သောက်ကျေးရွာ၊ ကားလမ်းမကြီး၏ ဘေးဝဲယာ မကျီးကန်ရပ်ကွက်၊ တာလမ်းသစ်ရပ်ကွက်၊ ကမ္မနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဆောင်းသီးနှံစိုက်ပျိုးရာတွင် လယ်ထွန်စက် စက်သုံးဆီ၊ မျိုးစပါး၊ ဓာတ်မြေဩဇာ လိုအပ်သည့် တောင်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်တင်ပြရန်နှင့် လိုအပ်သည်များအား မြို့နယ်စိုက်ပျိုးကြီးကြပ် မှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပြီး ဆောင်းသီးနှံ သီးထပ်၊ သီးညှပ် စိုက်ပျိုးနေမှုနှင့် လယ်ယာမြေများ ပြုပြင်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)