Main menu

ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည်မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်း၍ (၉.၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်း၊ ဌာနဖွဲ့စည်းပုံ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၊ ကုန်စည်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ စားသုံးသူအခွင့်အရေးပါ စားသုံးသူများ အမှန်တကယ်နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ပေါ်ပေါက်လာပါက လူကိုယ်တိုင်သော်လည်း‌ကောင်း၊ စာဖြင့်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့် အတူတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကုန်စည်ကိုဝယ်ယူခြင်းမပြုမီ ထုပ်ပိုးပစ္စည်းပေါ်၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိခြင်း ရှိ/မရှိကြည့်ရှု့ပြီးမှ ပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်ကြရန် အသေးစိတ်ရှင်းလင်း အသိပညာပေးခဲ့ပါသည်။

   ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူရာတွင် ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများ ကြုံတွေ့ပါက သက်ဆိုင်ရာဦးစီးမှူးရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များအား စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center 1535 အား ဖွင့်လှစ်ထားရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက Doca Website သို့ ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းဝင် ဦးမောင်မောင်ဝင်းက မြွေကိုက်လျှင် ရှေးဦးသူနာပြုစု နည်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။     အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၅၇)ဦး စုစုပေါင်း (၁၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)