Main menu

အစားအစာများရွေးချယ်တတ်စေရေး ကလေးများအား အသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၉.၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၉)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၁၃)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၂၆၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင်အမှတ်(၉)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြား၍ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး(၈)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် ဥပမာများဖြင့်ရှင်းလင်းခြင်းနှင့် လိုက်နာရမည့် တာဝန်များကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းခံနိုင်မည် ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အား တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများအား ရှင်းလင်းလွယ်ကူသိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်ခြင်း မပြုစေချင်ကြောင်း၊ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး   ယခုလို စားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ပါသွားရောက်၍ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့် အချက်များပါဝင်နိုင်ရေး ဌာနမှ သွားရောက် ဆွေးနွေး အသိပညာပေးကြောင်း သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များ ပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့်ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)