Main menu

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၁၀)မူလွန်ကျောင်း စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၅.၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်() ရပ်ကွက်ရှိ အမှတ်(၁၀) မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင်  မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ    စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်း ချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊  ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှု အညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင် ရောင်းချနေသော ဦးသန်းမြင့်၏ မုန့်ဆိုင်သို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်အား ဌာနမှထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမပြုရန် မုန့်ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါ  ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦး ကျောင်းသား/သူ(၅၅)ဦး၊ ကျောင်းမုန့်ဈေးသည်(၁)ဦး ပေါင်း(၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)