Main menu

မြိတ်မြို့၊ အမှတ်(၅၆)၊ ကလွင်ရှားတောဝရပ်ရှိ စားဝါးမယ်အာလူးနှင့်အကြော်စုံ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၆.၁.၂၀၂၄ ရက်နေ့တွင် မြိတ်မြို့၊ အမှတ်(၅၆)၊ ကလွင်ရှားတောဝရပ်ရှိ စားဝါးမယ်အာလူးနှင့် အကြော်စုံလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ် လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောမုန့်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်မုန့်များမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)