စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံဒေါ်ဌေးဌေး(ဒုတိယဦးစီးမှူး)သည် (၁၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဝက္ကသေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူး ဒေါ်ဌေးဌေးက ကျောင်းသား/ ကျောင်းသူ(၄၅၀)ဦး၊ ဆရာ၊ ဆရာမ(၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်အညီ အခန်း(၁၈)ပါ၊ ပုဒ်မ (၄၁)အရ ကုန်အညွှန်းအမှတ်အသား အကြောင်း သိကောင်းစရာနှင့် ပုဒ်မ(၄၃)အရ ကုန်စည်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သိုမဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှလည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးအကြောင်း သိကောင်းစရာ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှလည်း လူငယ်ရေးရာ စည်းကမ်းချက်များအကြောင်းကို တစ်ချက်ချင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)