စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်း အမှတ်အသားက”ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဖော်ပြပါဝင်ရမည့်အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ညွှန်ကြားချက်အရ (၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)ခုတွင် ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁၅.၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချနေသော ဆပ်ပြာခဲအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြထား ခြင်းရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အသားတင်ပမာဏနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ဖော်ပြထားရှိမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။
DOCA(မကွေး)