စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒုဦးစီးမှူး) သည်၁၈-၁-၂၀၂၄ရက်နေ့တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက် ၊ညောင်ပင်ရပ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်POKKA အမှတ်တံဆိပ် လိမ္မော်အရသာအချိုရည် ၊ SUNDAY ဆိုင်ဖျော်လက်ဖက်ရည်၊Hi-Q အချဉ်ရည်၊OK-ကြက်သားစည်သွပ်ဘူးစသည့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ဓာတ်မည့်ကြောင်းဖော်ပြချက်တို့ကိုဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ကချင်)