Main menu

အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဖြိုး (အငယ်တန်းစာရေး)သည် (၁၈.၁.၂၀၂၄)ရက်နေ့တွင် မိုးမောက်မြို့၊ မံပုံကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဖြိုးက    စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းဖြစ်ပေါ်လာပုံ၊  စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူရရှိနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည်တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ၊ FDA မှ စားသုံးရန်မသင့်ဟု တားမြစ်ထားသောအစားအသောက်များ၊ ခွင့်မပြုဓာတုဆိုးဆေးများ အသုံးပြုထားသော အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများကို နံရံကပ်ဗီနိုင်းများဖြင့် ပြသရှင်းလင်းခဲ့ပြီး ၊ ကုန်စည် (သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့  ဆရာ/ဆရာမ ၊ကျောင်းသား / ကျောင်းသူ စုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)