စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် ၁၈.၁.၂၀၂၄ ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ မေတ္တာခန်းမဆောင်၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ လူငယ်ရေးရာသိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့ပြီး ဆက်လက်၍ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်နှောင်းနှောင်းဝင်းက ဌာန၏မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ ၊ဌာနမှ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုနည်းလမ်းများကိုလည်း ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားကျောင်းသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အစားအသောက်များကို ရွေးချယ်ဝယ်ယူကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ စားသုံးရန်မသင့်ဟု သတ်မှတ်ထားသောအစားအစာများ ၊တားမြစ်ဓါတုဆိုးဆေးများ၊ တာရှည်ခံဆေးများဖြင့် ပြုလုပ်ထားသောအစားအသောက်များကို နံရံကပ်ဗီနိုင်းများဖြင့် ပြသရှင်းလင်းဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ(၁၅၀)ဦး၊ ဆရာ/မ(၆)ဦး၊ စုစုပေါင်း(၁၅၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)