Main menu

ဘားအံမြို့ရှိ အ.မ.က (၁) မူလွန်ကျောင်း မုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေး၊ ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)နှင့် ဒေါ်မိခင်သူဇာ (အကြီးတန်းစာရေး)တို့သည် (၁၈-၁-၂၀၂၄) ရက် ကြာသပတေးနေ့၊ နံနက်(၀၈:၅၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.မ.က (၁) မူလွန် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချနေသော ဈေးသည်များကို စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရမည့်တာဝန်များ အကြောင်းကိုလည်းကောင်း၊ ကုန်စည်များကို ရောင်းချရာတွင် FDA မှ ထောက်ခံချက် ရရှိသော ကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်မုန့်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)