Main menu

ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်

Powered by Drupal

   ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်၍ ငပုတောမြို့နယ် စည်ပင်သာယာရေးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကုန်မျိုးစုံရောင်းချလျက်ရှိသော ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အချက်အလက်များပါဝင်သည့် ကုန်စည်များကိုသာ ရောင်းချနိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စပ်လျဉ်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်‌ရေး ဥပဒေပါ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)