Main menu

ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့် ဝန်ထမ်းများသည် (၁၉.၁.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၄၅) နာရီအချိန်တွင် ကျုံတမာ(အ.ထ.က)ခွဲကျောင်းတွင် မိတ်ဖက်ဌာနများနှင့်အတူ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ပြည်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတများအကြောင်းကိုလည်းကောင်း၊ ရသစာပေဖတ်ခြင်းအကျိုး၊ ကျောင်းစာပြုလုပ်ခြင်း အကျိုးကိုလည်းကောင်း အသိပညာပေးဟောပြောပြီး၊ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့်  စားသုံးသူနစ်နာ ဆုံးရှုံးသဖြင့် တိုင်ကြားမှုများကို လက်ခံညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ(၁၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)