Main menu

ဘိုကလေးမြို့( ၆ )ရပ်ကွက် အ. မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ ( ၆ ) ရပ်ကွက် အ.မ.ကကျောင်းရှိ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်  အခွင်အ‌ရေးများ၊  လုပ်ငန်းရှင်များမှမိမိတို့ဖြန့်ဖြူးသော  ကုန်စည်များ၏ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော  ကုန်စည်၊ ဝန်ဆောင်မှုများကို မည့်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး အခမ်းအနားသို့  ဆရာ/ဆရာမ(၁၀)ဦး ၊ကျောင်းသား/ကျောင်းသူ(၅၀)ဦး၊ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)