ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ အ.ထ.က ( ၃ )ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စ္စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်စည်များကိုလည်း ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဘေးအန္တရာယ်မရှိသောကုန်စည်များကို နှိုင်းယဉ်ဖော်ပြခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများကို အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမ(၂၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၉၈)ဦး၊ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)