စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် (၂၃-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများမှ ဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နေ့လယ် (၁၅:၃၅)နာရီအချိန်တွင် တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၄)ဦးနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အရာထမ်း(၁)ဦးနှင့် အမှုထမ်း(၁)ဦး တက်ရောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရုံးလုပ်ငန်းများနှင့် ရုံးဝန်ထမ်းမိသားစုနေအိမ်လိုင်းခန်းများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် နေ့လယ် (၁၆:၀၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနသို့ သွားရောက် စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နေ့လယ် (၁၆:၁၅)နာရီအချိန်တွင် ခေတ္တတည်းခိုရာ ရိပ်သာသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)