မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁)ကြိမ်မြောက် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား ၂၀-၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရွေးချယ်တင်မြှောက်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် အသင်းသားစုံညီအစည်းအဝေး၏ သဘာပတိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းတို့က အမှာစကားပြောကြားခြင်း၊ ၂၀၂၂ ခုနှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ချက်အစီရင်ခံစာကို အသင်း၏အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ အသင်းဝင်များက ကြိုတင်ပေးပို့ထားသော အကြံပြုချက်များအား ဖြေကြားခြင်း၊ ၂၀၂၂ ခုနှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ချက်အစီရင်ခံစာကို အတည်ပြုခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)