ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံလမ်းညွှန်ချက်နှင့်အညီ ဌာနမှ ပူးပေါင်းပါဝင်၍ ငပုတောမြို့နယ်အတွင်းရှိ အငြိမ်းစားယူထားသောဝန်ထမ်းများ၏ ပင်စင်လစာ ထုတ်ယူသောနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ ပါသည်၊၊
ထိုသို့ရောင်းချပေးခဲ့ရာတွင် အခြေခံရည်ညွှန်းဈေးဖြင့် ဆီတစ်ပိဿာ ၅၈၀၀ ကျပ်ဈေးဖြင့် ဆီပိဿာချိန် ၉၀ ၊ ကြက်ဥ ၄ လုံး ၁၀၀၀ ကျပ်ဖြင့် ကြက်ဥအလုံး ၅၀၀ ၊ မနောသုခဆန် ၁ ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆန် ၁၀ အိတ်အား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
DOCA(ဧရာဝတီ)