ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးမှ ဝန်ထမ်းများသည် နတ်တလင်းမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား (၂၄.၁.၂၀၂၂) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထို့သို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေး ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊စားသုံးသူကာကွယ်ရေးဉပဒေနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းများ းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး