Main menu

ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးစတိုးဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ် တာဝန်ခံဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံးခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၉.၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေး စတိုးဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ စတိုးဆိုင်တွင်ရောင်းချ လျက်ရှိသော ကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို  သိသာထင်ရှားစွာဖော်ပြထား ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)