စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းဦးစီး၍ လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ၊ ရတနာ စက်သုံးဆီဆိုင်၌ (၂၄.၁.၂၀၂၂) ရက်နေ့ ၊နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရတနာစက်သုံးဆီဆိုင် အရောင်းဝန်ထမ်း (၃) ဦး ၊ တောင်သူ (၉) ဦး ၊စုစုပေါင်း(၁၂) ဦး တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းဆောင်ရွက်မှု၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို မှ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ ဆွေးနွေးခြင်း၊ စားသုံး/ ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံရှုံးမှု များ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center- CICC ) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်ရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး နောက်ဆွေးနွေးပွဲ တက်ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး