Main menu

ငရုတ်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့်တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးကကြီးမှူး၍ ပြည်ထောင်စုနယ်မြေအတွင်း ငရုတ်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့် တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)တွင် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာ၊ စိုက်ပျိုးရေးစင်တာ(KC) အဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အလုပ်ရုံဆွေးနွေးပွဲသို့ တပ်ကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ညွှန်ကြား ရေးမှူး၊ ငရုတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးကုမ္ပဏီမှ ပညာရှင်များ၊ အအေးခန်းစနစ်ဖြင့်သိုလှောင်ရေး ကုမ္ပဏီမှတာဝန်ခံနှင့် ငရုတ် စိုက်ပျိုးသည့်တောင်သူ(45)ဦး စုစုပေါင်း(70)ဦး တက်ရောက်ခဲ့ပါသည်။

        အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနပညာရှင်များက ဒေသနှင့်ကိုက်ညီသော ဈေးကွက်ဝင်ငရုတ်မျိုးဖြစ်သည့် သာမို(၁၁) ကျောက်စိမ်း၊ မျိုးနံပါတ်  (၄၅)နှင့် မျိုးနံပါတ်(၆၉၂) မျိုးတို့သည် ခံနိုင်ရည်ရှိပြီး အပင်တွင်အချိန်ကြာမြင့်စွာထားနိုင်သဖြင့် ပြည်ပဈေးကွက် အကြိုက် ဖြစ်သည့်အတွက် တောင်သူများကို သက်ဆိုင်ရာဌာနများမှ သတင်းအချက်အလက်ပေးခြင်းများ၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ငရုတ်သီး ပို့ကုန် အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ အအေးခန်းစနစ်ဖြင့် သိုလှောင်သူများနှင့် ပြည်ပတင်ပို့သူများအား အရည်အသွေးထိန်းသိမ်းနိုင်သည့် စနစ်တစ်ခု ထူထောင်ရန်လိုအပ်ပါကြောင်း၊ လယ်ယာထွက်ကုန်ထုတ်လုပ်ငန်းများတင်ပို့သော လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပပို့ကုန်ရငွေကို ၁၀၀% ရရှိနိုင်ရေးအတွက် မူဝါဒပြုပြင်ပေးစေလိုပါကြောင်း၊ ပြည်ပ ပို့ကုန်သီးနှံများအား အအေးခန်းသိုလှောင်ရုံများတွင် ထိန်းသိမ်းထားနိုင်စေ‌ရေးအတွက် အအေးခန်း သိုလှောင်ရုံကုမ္ပဏီများနှင့် ချိတ်ဆက်ပေးရန်(သို့မဟုတ်)  အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် မှုဖြင့် အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားကြောင်းသိရှိရပါသည်။

DOCA(နေပြည်တော်ကောင်စီ)