Main menu

စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ  ပြည်သူ(၄၄)ဦးအား ဇန်နဝါရီ ၁၇ ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း ဟောပြောပြီး ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို၂၀၁၉ခုနှစ်စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူကာကွယ်ရေးနှင့်  စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄) ချက်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူး ရုံး (CICC) သို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Call Center 1535 ဖြစ်ကြောင်း၊  ဦးစီးဌာန၏Website လိပ်စာဖြစ်သော www.doca.gov.mmတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)