Main menu

ရွှေဘိုခရိုင် (၁/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များနှင့် တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

    (၁၇.၁.၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမ (၇)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် (၁၃၇) စောင် ဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)